၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှုသရုပ်ပြခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း ကျင်းပ
၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံကျေးရွာအုပ်စု၊ တောင်သူ ဦးတင်လှ၏ လယ်မြေ (၁၀)ဧကတွင် ဆောင်ရွက်ကြသည်။