မရမ်းကုန်းမြို့နယ်တွင် အောင်ကျော်ဆန်းစာပေတိုက် ဖွဲ့စည်းဆောင်ရွက်

မရမ်းကုန်း ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အောင်ကျော်ဆန်းစာပေတိုက် ဖွဲ့စည်းဆောင်ရွက်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

ရှေးဦးစွာ အောင်ကျော်ဆန်းစာပေတိုက် အယ်ဒီတာချုပ် ဦးကျော်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆောင်ရွက်သွားမည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အောင်ကျော်ဆန်းစာပေတိုက် အောင်မြင်စွာ ရှင်သန်တိုးတက်နိုင်ရေးအတွက် တာဝန်ခံအယ်ဒီတာအဖြစ် ဦးရှင်ဇာနန်၊ တွဲဖက်တာဝန်ခံအယ်ဒီတာအဖြစ် ဒေါ်ခင်ထားအေး၊ ကွန်ပျူတာနှင့်ထုတ်ဝေရေး အယ်ဒီတာအဖြစ် ဦးအောင်မြင့်ထူး၊ အဖွဲ့ဝင်များအဖြစ် ချင်းတွင်းရေလှိုင်း၊ ဒေါ်သန်းသန်းမြင့်၊ ဒေါ်ရင်ရင်မြင့်တို့အား အသီးသီးတာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)