သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ ငဝန်တာ တစ်လျှောက် တာကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ စက်တင် ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှ စတင်၍ ငဝန်တာ အမှတ်(၇)၊ အမှတ်(၈) ရေကင်းတာစခန်းများသို့ သွားရောက်ကာ ငဝန်တာ ကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။