ကြံခင်း - ဆိပ်သာ လမ်းတာပေါ်သို့ မြစ်ရေတက်မှုအား သဲအိတ်ချခြင်းနှင့် လမ်းအမှတ်အသားများစိုက်ထူ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ၊ ထန်းတပင်အုပ်စု၊ ရွှေကျွန်းတောရွာ၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းမိုင် (၁၂/၀ - ၁၂/၁) လမ်းတာပေါ်သို့ မြစ်ရေ(၃ လက်မခန့်)မြင့်တက်လာမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက သဲအိတ်ချခြင်းနှင့် ဖြူ/နီ လမ်းအမှတ် အသားများ စိုက်ထူလျက်ရှိသည်။