အိမ်မဲမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီတွင်ကျင်းပသည်။

ကြံခင်း - ဆိပ်သာ လမ်းတာပေါ်သို့ ‌မြစ်ရေတက်မှုအား သဲအိတ်ချခြင်းနှင့် လမ်းအမှတ်အသားများစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ၊ ထန်းတပင်အုပ်စု၊ ရွှေကျွန်းတောရွာ၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းမိုင် (၁၂/၀ - ၁၂/၁) လမ်းတာပေါ်သို့ ‌မြစ်ရေ(၃ လက်မခန့်)မြင့်တက်လာမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက သဲအိတ်ချခြင်းနှင့် ဖြူ/နီ လမ်းအမှတ် အသားများ စိုက်ထူလျက်ရှိသည်။

ကျိုက်မရောမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အေးချမ်းစွာထုတ်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်တောင်သူများ လျာထားချက်ပြည့်မီစွာ မိုးစပါးစိုက်ပျိူးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ အတိုးနှူန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများအား အေးချမ်းစွာ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းစုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကလေးမြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်းများ သိရှိစေရန်၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးတရားကို အောက်မေ့သတိရစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to