ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မိသားစုဝင်များ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ(၈)တွင် ပြည်သူများနှင့်အတူ ဆန္ဒမဲပေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား စနစ်တကျ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။