အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်​ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က အ.မ.က(မူလွန်)နတ်စဥ်ကုန်းကျောင်း၊ အ.မ.က(မူလွန်)ပုဏ္ဏားစုကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လက်ပံတန်းမြို့ လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျက်သရေဆောင် လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ့နှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသား ဗဟုသုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။

ဇီးကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(ခွဲ) ဝက်ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာ “သုတစံအိမ်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ်ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “သုတစံအိမ်” စာကြည့်တိုက်သစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက သက္ကောကျေးရွာ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ငပုတောမြို့နယ်၌ ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီး ဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြတ်မော်တင်စွန်းတစ်ဖက်ကမ်း၊ ပြင်ခရိုင်‌ကျေးရွာအုပ်စုတွင် နိုင်ငံကျော် ဓမ္မကထိ “ရှင်ဥတ္တမကျော်”၏ ဥပနိဿျအတိုင်း သင်ကြာပို့ချဖွင့်လှစ်လျက်ရှိသော “ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီး” သင်ခန်းစာများ ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ

ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
Subscribe to