ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ပညာတံခွန်ကိုယ်ပိုင်အထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၈၀)မှ KG ကျောင်းသား၊ ကျောင်းသူ(၄၄၁၃)ဦးတို့အား ကျောင်းတွင်းနေ့လယ်စာ အဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ တတိယအကြိမ်အဖြစ်၊ KG ကလေးငယ်များအား နေ့လယ်စာ ကျောင်းတွင်း အဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ KG တန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ KGတန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီခွဲအချိန် ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ/ဆရာမများ သင်ကြားပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ပါမောက္ခများ/ပါမောက္ခ(ဌာနမှူးများ)က ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို  အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို  အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အဆိုပါကျောင်းရှိ အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Subscribe to