ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးလက်လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်းများပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။