မိုင်းယောင်းမြို့၌ နိုင်ငံ့သားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆို

မိုင်းယောင်း မေ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့သားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သဖြင့် နေရပ်သို့ပြန်လာကြသည့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)မှ တာဝန်ကျေ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း သုံးဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများ၊ ပြည်သူများက ကြိုဆိုကြကာ အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း