ဇေယျာသီရိမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျင်းပသည့် မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုပ္ပါးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

လပွတ္တာမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ (၃)မိုင်မြို့ ခရေပင်လမ်း၊ ဆေးရုံဝန်းအနီး၊ မြယာကုန်းဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဈေးကွက်‌ စောင့်ကြည့် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တော်ဝင်စားသောက်ဆိုင်နှင့် ခရမ်းမြန်မာဘီယာဥယျာဉ် စားသောက် ဆိုင်များကို ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် (၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ပြည်နယ်အမျိုးသမီးရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဒိုက်ဦးမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်) ဘလုပ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to