(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ သံဖြူဇရပ်၌ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မုံရွာမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းဥပဒေအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦး‌ဆောင်ကျင်းပပြုလုပ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မုံရွာမြိုနယ် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ တာဝန်ခံဆရာဆရာမများ ၁၀၀ ဦး တက်ရောက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျင်းပသည့် မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုပ္ပါးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

လပွတ္တာမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ (၃)မိုင်မြို့ ခရေပင်လမ်း၊ ဆေးရုံဝန်းအနီး၊ မြယာကုန်းဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဈေးကွက်‌ စောင့်ကြည့် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တော်ဝင်စားသောက်ဆိုင်နှင့် ခရမ်းမြန်မာဘီယာဥယျာဉ် စားသောက် ဆိုင်များကို ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် (၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to