ပုဂံယွန်းပညာကောလိပ်၏ (၁၅)ကြိမ်မြောက် ယွန်းအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ
ပုဂံ ဖေဖော်ဝါရီ ၁
(၁၅)ကြိမ်မြောက် ယွန်းအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခွန်အေးနိုင်က ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။