ကွမ်းလုံ၌ သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် လယ်ယာစိုက်ခင်းများ ရေကြီးနစ်မြုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်း က သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် ကုန်းညောင်ကျေးရွာ၊ ကောင်းကျဲကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ လယ်ယာစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

မိုးကုတ်မြို့တွင် စျေးနှင့်စားသောက်ဆိုင်များ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်

မိုးကုတ်မြို့နယ်အတွင်း အများပြည်သူနှင့်အများဆုံးထိတွေ့ဆက်ဆံရာတွင် အဓိကနေရာမှာ ရပ်တည်နေသည့် စျေးနှင့်စားသောက်ဆိုင်များအတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့မှရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် ကလေးလုပ်သား စစ်တမ်းကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အစားအသောက်ထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်းကောက်ယူခြင်းကို ယမနေ့နံနက် ၁၀ နာရီ က ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်း၌ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ပထမအကြိမ်ကပ်ထား ကြေညာထားသည့်မဲဆန္ဒရှင်စာရင်းများမှပုံစံ(၃)၊(၄)၊(၄-ဂ)ဖြင့်လျှောက် ထားသူများ အား စတင်ပြင်ဆင်ပေး

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူများအား ဩဂုတ်လ(၁၅)ရက် နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးနှံပေးမည်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ် ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းအစီအစဉ်တွင်သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ဆေးထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုး စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက် (၉) နာရီ အချိန် က ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုး၊ စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် RCနှစ်ထပ် စံပြကျောင်းဆောင်သစ်ဆောက်လုပ်နေမှု လုပ်ငန်းအရည် အသွေးပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ် ဖွံ့ဖြိုး ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် ကော်မတီဝင်များအဖွဲ့သည် ဩဂုတ် ၁၈ ရက် ၊ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် RC နှစ်ထပ် စံပြကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား သတ်မှတ်စံ ချိန်စံ ညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တာလေမြို့တွင် အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ဆန္ဒမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် တာလေမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း လွှဲမှားမှုမရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက် လျက်ရှိသည်။

ကျိုင်းလွန်းကျေးရွာအုပ်စုအတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျိုးလွန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီမှ ညနေ (၄)နာရီခွဲ အချိန်အထိ နိုင်ငံသား စိစစ်ဆေးရေး ကတ်ပြား မရှိသေးသည့် ပြည်သူများအတွက် နမ့်ပါမန်းကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to