လပွတ္တာမြို့နယ်တွင် ဧရာဝတီတိုင်း‌‌ဒေသကြီး တာဝန်ခံရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ လာရောက်စစ်ဆေး

လပွတ္တာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့ နံနက် ၇ နာရီ ၃၀နာရီအချိန်က ဧရာဝတီတိုင်း​ဒေသကြီး တိုင်းတာဝန်ခံ အဖွဲ့ဝင်အမှတ်(၃)ဦးခင်မြင့်စိုး၊ အဖွဲ့ဝင် ဦးအေးကို တိုင်းဒေသကြီး စာရင်းစစ်ဦးစီးဌာန၊ အဖွဲ့ဝင်ဦးလှမျိုးအောင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်၌ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ကျောက်ဆည်ခရိုင်) ၏ ၂/၂၀၂၀ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးမှဦးဆောင်၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ကျောက်ဆည်ခရိုင်) ၏ ၂/၂၀၂၀ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာပေချစ်သူများအသင်း (Book Club) စာဖတ်ဝိုင်းပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ‌ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ပြုလုပ်ခဲ့ သည်။

ပူတာအို၌ လူထုကျန်းမာရေးလုပ်သားသစ်လွင်သင်တန်းဆင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပူတာအိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Medical Action Myanmar (MAM) တို့ ပူးပေါင်း၍ Access to Health ရန်ပုံငွေဖြင့် ဖွင့်လှစ်ခဲ့သည့် လူထုကျန်းမာရေးလုပ်သားသစ်လွင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ရပ်စောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးခန်းတွင် ရပ်စောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးအရောင်းဆိုင်များအား သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပိုးသတ်ဆေးအရောင်းဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၁၉လမ်း၊ ၅၇လမ်းနှင့် ၅၈လမ်းကြားတွင် ယမန်နေ့နံနက် ၉နာရီခွဲက နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာမှု မရှိသော လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့၌ အရေးကြီးကုန်စည်နှင့်စပ်လျဉ်း၍ ကျွဲ/နွားများသယ်ဆောင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ ရှင်းလင်း

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အရေးကြီးကုန်စည်နှင့် ကျွဲ/နွားများ သယ်ဆောင်ရာတွင် သိရှိလိုက်နာရမည်အချက်များအားရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to