ပခုက္ကူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်၊ မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၅၃)ဦး အား လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသသို့ ဆက်လက်ပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ (၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

Covid-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်ဒေသနေ မိသားစု များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work)စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုမရှိရေး ကွင်းဆင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုရေး၊ မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် မြေပြင်ကွင်းဆင်း စိစစ် ရေးအဖွဲ့များက တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ မြေပြင် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှု ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း သွားရောက်၍ မဲစာရင်းများ စစ်‌‌ဆေးဆောင်ရွက်

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း သွားရောက်၍ မဲစာရင်းများ စစ်‌‌ဆေး‌ဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲကလည်း ရပ်ကွက်များ အလိုက်ဆက်လက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သာမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိသည့် စျေးဆိုင်များအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုက်လံစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း မရှိသည့်ဆိုင်များအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့ပေါ်ရှိ ရေဘေးရှောင်အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသဖြင့် မြို့တွင်းမြေနိမ့်ပိုင်းရှိအိမ်များမှာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့ပေါ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ကာ ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် မဲဆန္ဒရှင်စာရင်းကို တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့်မဲန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၂၆ စုအား ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေများဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ဆောင်ရွက်ထားရှိသော ရေဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကယ်ဆယ်ရေးစခန်းထားရှိရာနေရာများ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to