ကျွန်းလှမြို့နယ်၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀‌၂၅) ဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြို့လုံးကျွတ် ဝါတွင်းကာလအရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲ ကျင်းပ

ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ် ဝါတွင်းကာလ ဆဌမအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို သြဂုတ်  ၁၅ ရက်၊ နံနက် ၅ နာရီအချိန်တွင်တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့ ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန် နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန်ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီခွဲက ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ကျိုက်လတ်မြို့နယ်၌ ဌာနများပူးပေါင်း၍ လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ (၁၄) ရက်၊ နေ့လယ်ပိုင်းက သဗြုဆိပ်ညောင်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် အခွန်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ အသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်နှင့် နံရံကပ်ဘုတ်များ ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်နှင့် နံရံကပ်ဘုတ်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကသာမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

စစ်တိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး ရက်သတ္တပတ်အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်း (၆)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to