ဇလွန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇလွန် သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး(ပညာ) ဆရာကြီး ဦးမျိုးသန့်တို့က အသီးသီးအဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားသစ္စာဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးပါရန် တောင်းခံရာ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဆရာကြီးဦးမျိုးသန့်က ဖွင့်လှစ်ပေးခဲ့သည်။

ယင်း​နာက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက အားကစားသမားများအား ရင်းနှီးနွေးထွေးစွာ လိုက်လံ နှုတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် အ.ထ.က(၁)၊ အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများမှ ကဗျာလွတ်အက၊ ကာယအတွဲ(၃)လေ့ကျင့်ခန်းနှင့် Fitness Exercise အကများဖြင့် သရုပ်ပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြပြီး အဖွင့်ပွဲစဥ်အဖြစ် ဒေါင့်ကြီးနယ်မြေအသင်းနှင့် ကျုံရှနယ်မြေ အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ဒေါင့်ကြီးနယ်မြေအသင်းက အနိုင်ရရှိခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲအား ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး (၁၅.၈.၂၀၂၅) ရက်နေ့မှ (၂၃.၈.၂၀၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်