ကျောက်တန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့်ဂိမ်းကစားပြိုင်ပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့နံနက်(၁ဝ)နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရေဖြူမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ကျန်းမာရေးအသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ်၁၅ရက် နံနက် ၉နာရီက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျန်းမာ ရေးအသိပညာပေးဟောပြောပွဲကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်၊ မြို့နယ် သူနာပြုဆရာမကြီး ဒေါ်အေးအေးရီနှင့် ဒေါ်တင်သူဇာတို့က ကျန်းမာရေးဆိုင်ရာအသိ ပညာပေး ဟောပြောကြသည်။

မြိတ်မြို့ အ.ထ.က (၁) ကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် အ.ထ.က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဩဂုတ်လ (၁၅) ရက် နံနက်ပိုင်းက လူငယ်စကားဝိုင်းကို ကျင်းပသည်။

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့် ယဉ်‌ကျေးမှုအသင်းအဖွဲ့များထံ ထောက်ပံ့ပေးအပ်ပွဲနှင့် အခြေခံပညာကျောင်းများ၌ KG တန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရ နေ့လယ်စာကျွေးမွေးအစီအစဉ်ဆောင်ရွက်မှုကို သွားရောက်အားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကဒေသတွင်း ယာယီတိမ်းရှောင်လာကြသည့် တိုင်းရင်းသားကလေးငယ်များ အဆက်မပြတ် ပညာသင်ယူနိုင်ရေးနှင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ရရှိရေးအတွက် တိုင်းရင်းသားစာပေယဉ်‌ကျေးမှုအသင်း အဖွဲ့များမှတစ်ဆင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့် စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့တွင် ဗို့အားမြှင့်စက်အပူလွန်ကဲပြီး နေအိမ် (၄) လုံး မီးလောင်ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက် မြခွာညိုလမ်း MOB ဘဏ်အနီးတွင် ယနေ့နံနက် ၂ နာရီ ၂၀ မိနစ်ခန့်၌ ဗို့အားမြှင့်စက်အပူလွန်ကဲပြီး နေအိမ် (၄) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့၌ အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၆လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းကို ဩဂုတ် ၁၅ ရက်မွန်းလွဲ ၂ နာရီက မြို့ပေါ် အမှတ် ၃ ရပ်ကွက်၊ အုပ်ချုပ်‌ရေးမှူးရုံး၌ ဆောင်ရွက်သည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ သင်ကြားပေးသောဆရာ/ဆရာနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်

မိုင်းဖြတ်မြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ် မိုင်းဖြတ် ဩဂုတ်၁၅ သန်းထွန်းအေး
Subscribe to