စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ သင်တန်းခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။