စစ်ကိုင်း ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဌာန ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ လုပ်သား (၁၀၀၀) စေလွှတ်မည့် အစီအစဉ်အတွက် ဂျပန်ဘာသာစကားပြော သင်တန်းဖွင့်ပွဲကို ဖေဖော် ဝါရီ(၁)ရက်၊ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းမြို့ ရွှေသမားဘုန်တော်ကြီးသင် ပညာရေး ကျောင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင် ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ ပရိယတ္တိဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည်။
ဟိုပုံး ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပွဲနှင့် ဆိုင်ကယ်စီးဦးထုပ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကြီး ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း၊ စန်းစန်းဘုံ ကျောင်းခန်းမ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီတွင် စန်းစန်းဘုံ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပုဂံ ဖေဖော်ဝါရီ ၁
(၁၅)ကြိမ်မြောက် ယွန်းအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခွန်အေးနိုင်က ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
Copyright 2020