စစ်ကိုင်းမြို့တွင် ကာယဗလမောင်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂

စစ်ကိုင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ(၉)နေ့ည(၆) နာရီတွင် ကျင်းပပြုလုပ်မည့် ကာယဗလမောင်၊ သက်ကြီးမောင်နှင့် သက်ကြီး အလေးမပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို စစ်ကိုင်းမြို့ ရွှေဟင်္သာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ဂန့်ဂေါ ဖေဖော်ဝါရီ ၂

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းကျော်နှင့် အဖွဲ့သည် ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ဖြတ်သန်းမောင်းနှင်ကြသည့် ကားများ၊ ဆိုင်ကယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ ဖြစ်စေရေး စစ်ဆေးကာ ပညာပေးဆွေးနွေးလျက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ကြသည်။

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (Penta-4)ကို ပုံမှန်ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၂

ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (penta-4) ကာကွယ်ဆေးတို့ကို ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မလှိုင်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင် ထည့်သွင်း တိုက်ကျွေး

မလှိုင် ဖေဖေါ်ဝါရီ ၂

ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများကို လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖွင့်ပွဲနှင့် မြို့နယ်အဆင့် အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်ရေယာဉ်စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေး အထူးကြပ်မတ်စစ်ဆေး

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်ရေယာဉ်စီး ခရီးသည်များ အန္တရာယ် ကင်းရှင်းစေရေးအတွက် ရေယာဉ်များအား အထူးကြပ်မတ် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ "ရွှေရန်ကုန်" စက်တပ်ရေယာဉ် ဂိတ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4)ကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta-4)ကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ခဲ့သည်။

နမ့်ဆန်၌ ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နမ့်ဆန် ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာန ခန်းမ၌ပြုလုပ်သည်။

မိုင်းယု-ကျိန်းယဲန်း တံတား၌ မိုင်းယုမြို့အဝင် လူဦးရေ ၄၈၀၉ ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ သံသယလူနာ မတွေ့ရသေး

မိုင်းယု ဖေဖော်ဝါရီ

ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါအန္တရာယ် ကူးစက်လာမည့်ကို စိုးရိမ်သဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိုင်းယု-ကျိန်းယဲန်း တံတားပေါ်၌ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရေးမှုများကို ဇန်နဝါရီ ၂၉ ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့ထိ သံသယ လူနာ မတွေ့ရှိရသေးကြောင်း သိရသည်။

ငွေဆောင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ငွေဆောင် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီချိန်၌ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များနှင့် ဒေသခံပြည်သူများအား (MASK)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်သည့် အသိပညာပေး ပိုစတာများ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူ (ပြန်/ဆက်)

ကြံခင်းမြို့တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့်ငါးမျိုးစပ် (penta -4) ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း  ဖေဖော်ဝါရီ   ၁

ကာကွယ်ဆေးနှင့် ငါးမျိုးစပ် (penta -4) ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ် ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ၊ မြို့နယ် ကုသရေးနှင့်ကျန်းမာရေးမှူး ဒေါက်တာဝင်းနိုင် ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

Subscribe to