မူဆယ်မြို့တွင် မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းများ ဖွင့်လှစ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်မှ ဦးစီး၍ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅)မိုင်၊ မိုင်းယု၊ စိုက်ပျိုးရေးရုံးဝန်း၌ ပြုလုပ်ကျင်းပသည်။