ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်(၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်​ မြို့နယ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်​ဖော်ရေး ကော်မတီ(၈/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် (၈/၂၀၂၀)လအတွက် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ လက်ရှိ ဆောင်ရွက်နေမှု ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိနေမှုများ အတွက် လစဉ် ဆောင်ရွက်လျက်ရှိသော မြို့နယ် စီမံကိန်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်စည်ပင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပုံပါကျင်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းက နားကောင်းမူးကျေးရွာနယ်မြေခံတပ်ရင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ကျိုက်လတ်စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့နံနက် ၉ နာရီကစ၍ ၂၀၂၀ ပြည့်နှစ် မတ်လ၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန် ကြေညာထားသည်။

မကွေးတိုင်းဒေသကြီးဆင်ပေါင်ဝဲမြို့၌မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအားကျေးရွာများသို့ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားခြင်းကို ယနေ့ နံနက်(၁၁) နာရီက ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် ငွေထုတ်ပေး

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်အဖြစ် လုပ်ငန်းဆောင်ရွက်သည့် ရပ်ကွက်ကျေးရွာများအတွက် ယနေ့ နံနက် ၉ နာရီခွဲ တွင် ငွေများ ထုတ်ပေးသည်။

နမ္မတူမြို့နယ် (IDP) စခန်း(၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၉)စုအတွက် အခြေခံ စားသောက် ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်

နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉)စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးမှ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ခြင်းကိုယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ် ဓမ္မာရုံ၌ ဆောက်ရွက် ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ယခင်နှစ်ထက် အောင်ချက်တိုးလာပြီး အမှတ် အများ ဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦးပေါ်ထွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက Online မှထုတ်ပြန်ကြေညာခဲ့ရာ ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တစ်နိုင်ငံလုံး အမှတ် အများ ဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦး ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာသို့ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန်နှင့် ပြည်သူများ၏မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယမန်​နေ့ နံနက်ပိုင်းကစ၍ (င)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကျီခါးမြို့တွင် အသိပေးကြေညာ ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းအား ပြည်သူများလာရောက် ကြည့်ရှုပြီး ပုံစံများရယူ ပြင်ဆင်ခြင်းများ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒပြု‌မဲပေးနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ချင်းပြည်နယ်၊ ကျီခါးမြို့ပေါ် ရပ်ကွက်(၂)ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှစတင်၍ အသိပေးကြေညာ ကပ်ထားလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံများရယူ ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to