မောက်မယ်ယာယီပျံကျစျေးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့ ယာယီပျံကျစျေးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယမန်နေ့ နံနက် ၆ နာရီက COVID-19ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ၊ ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အဖွဲ့ဝင် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များက ရှောင်တခင် ကြည့်ရှုစစ်ဆေးခဲသည်။

မြိတ်မြို့နယ်၌ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြိတ် သြဂုတ် ၁၀ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာနှင့် ပပြင်ကျေးရွာအုပ်စု၊ ဘဲမဒီကျေးရွာတို့တွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မြေသားရေမြောင်းတူးဖော်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းနှင့် အုတ်စီရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို

ညောင်တုန်းမြို့၌ ရှေးဦးပြုစုခြင်း (အခြေခံ) (၂/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း Red Ready စီမံချက်နှင့် ညောင်တုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) (၂/၂၀၂၀) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူများက ''ပြည်သူ့အတွက် ကြက်ခြေနီ'' သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။

မိုင်းဖြတ်၌Cash for Work စီမံကိန်းကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)သို့ ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည် တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၈နာရီခွဲက မိုင်းဖြတ်မြို့သို့ရောက်ရှိလာပြီး Cash for Work စီမံကိန်းဆောင် ရွက်သည့် ကျေးရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၃၆.၀၅) ရာခိုင်နှုန်းရှိ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ဝက်ဘ်ဆိုက်များမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ တိုက်ကြီးမြို့နယ်တွင် ယမန်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သုံးခွမြို့နယ်လက်ပန်စံပြကျေးရွာတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ရန်ကုန်တောင်ပိုင်း ခရိုင်သုံးခွမြို့နယ်တွင် ကိုရီးယားနိုင်ငံ KOICA အဖွဲ့၏ ကူညီထောက်ပံ့မှု​​ဖြင့် (မြန်မာဆယ်မားအူးလ်အွန်ဒုံ) SMU ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကိုအကောင်အထည် ဆောင်ရွက်ခဲ့သော လက်ပန်စံပြကျေးရွာ၌ SMU ခန်းမဆောင်တွင်

တောင်ငူ၌ မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာချိန်၌ စာရင်းတိကျမှုရရှိ စေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

တောင်ငူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာချိန်၌ စာရင်းတိကျ မှန်ကန်မှုရှိစေရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး​မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအား ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၂၇၈)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၅၁)နှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၁၁၂)ဦးရှိ

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် အဖြစ် မိုင်းပန်မြို့နယ်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန် ကြေညာ ထားရာ ဩဂုတ်လ (၉)ရက်နေ့အထိ မဲစာရင်းကပ်ထားရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထားမှုများရှိကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်းအတွင်း စာသင်ဆောင်နှင့် အိပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဝင်းအတွင်း စာသင်ဆောင်နှင့် အိပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၂နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to