ကျောက်ပန်းတောင်းမြို့နယ် ပေါက်သစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ပန်းတောင်း   ဇန်နဝါရီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြုလုပ် သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပေါက်သစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အမျိုးသမီးအားကစားကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲ ယင်းမာပင်၌ ကျင်းပ

ယင်းမာပင်     ဇန်နဝါရီ      ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အမျိုးသမီး အားကစားကော်မတီ  ဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ယင်းမာပင်မြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

မူဆယ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မူဆယ်   ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(၃)၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားကို ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်ပညာရေးမှူး ဒေါက်တာသက်သက်စံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ဖမ်းဆီးရမိသောတောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲထားဝယ်မြို့၌ကျင်းပ

ထားဝယ်     ဇန်နဝါရီ   ၉

တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown Hotel ၌ကျင်းပသည်။

တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့စကားဝိုင်းကျင်းပ

ထန်းတပင်  ဇန်နဝါရီ    ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးကျေးရွာ၊  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို  ယမန်နေ့နံနက် ၉ နာရီခွဲ က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက အဖွင့်အမှာစကားပြောကြားပြီး ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါ်သဇင်က  ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ပညာပေးဟောပြောပွဲ ဟိုပုံးမြို့နယ်၌ ကျင်းပ

ဟိုပုံး   ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ သက်သာကျေးရွာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် (၁၀) နာရီက သက်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

မင်းဘူး     ဇန်နဝါရီ      ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မင်းဘူးမြို့၊ နမ္မဒါရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဦးစိန်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

လပွတ္တာမြို့တွင် ကလေးစာပေပွဲတော် ပိတ်ပွဲ ကျင်းပ

လပွတ္တာ   ဇန်နဝါရီ     ၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော မော်လမြိုင်ကျွန်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မိတ္ထိလာ    ဇန်နဝါရီ    ၉

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းပေါ်ရှိ မြတ်နိုးသူတိုးဂိတ်နီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နတ်တလင်း   ဇန်နဝါရီ     ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ်တွဲလက်များအဖွဲ့ စာပေချစ်မြတ်နိုးသူများ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပ‌​သော နတ်တလင်းမြို့ ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်‌ဈေးရောင်းပွဲတော်ကို ရန်ကုန်-ပြည်လမ်းရှိမြို့နယ် အထက်တန်းကျောင်း တွင် ဇန်နဝါရီ (၁၁) ရက်နေ့  နံနက်(၈) နာရီမှ ညနေ (၅) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

Subscribe to