မိုင်းဆတ်မြို့၌ ဝန်ထမ်းစုပေါင်းရိပ်သာ(၆)ခန်းတွဲ နှစ်ထပ်စတင်တည်ဆောက်

မိုင်းဆတ်    ဇန်နဝါရီ  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန်  ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၆)ခန်းတွဲ နှစ်ထပ် ဝန်ထမ်းစုပေါင်းရိပ်သာ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သီပေါမြို့ ဘော်ကြိုကျေးရွာတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

သီပေါ    ဇန်နဝါရီ    ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြာပွဲကို ဘော်ကြိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မ​​ရော နတ်စမ်းကွင်း၌ အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုး

ကျိုက်မ​ရော  ဇန်နဂါရီ  ၈

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် နတ်စမ်းကွင်းရှိ စိုက်ပျိုး​​ရေးဦးစီးဌာန မြို့နယ် စမ်းသပ်စိုက်ကွက်၌ ဆောင်းရာသီ သီးနှံအဖြစ် အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို ယ​နေ့နံနက် ၉ နာရီက စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှတင်​မောင်နှင့် စိုက်ပျိုး​ရေး ဝန်ထမ်းများနှင့် နတ်စမ်း​ကျေးရွာ တောင်သူများ ပူးပေါင်း၍ အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို စတင်​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ကျောက်ပန်းတောင်း  ဇန်နဝါရီ   ၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်မြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းအတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ယင်းမာပင်    ဇန်နဝါရီ       ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင်  စာရေးဆရာအသင်းဖွဲ့စည်း အတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မအူပင်မြို့တွင် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကျင်းပ

မအူပင်      ဇန်နဝါရီ        ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့ ရေလဲလမ်းမကြီးအား လမ်းပြုပြင်ခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းဆောင်ရွက်

မအူပင် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ရေလဲလမ်းမကြီးတစ်လျှောက် အောက်ခံမြေသား မကောင်းသည့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကွန်ကရစ်လောင်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ် မီးသတ်တပ်ဖွဲ့ မိသားစုစည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ ဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မီးသတ်တပ်ဖွဲ့ မိသားစု စည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

T.E.T ကုမ္ပဏီမှ ဆိုလာပန့်များဖြင့် ရေတင်ခြင်းသရုပ်ပြပွဲ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်ကြည့်ရှု

ကန်ကြီးထောင့်    ဇန်နဝါရီ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အုတ်စီကုန်းကျေးရွာရှိ ဧရာပုသိမ် ကုမ္ပဏီခန်းမ၌ T.E.T ကုမ္ပဏီမှ Solor  Pump ဖြင့် ရေတင်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် တက်ရောက်ကြည့်ရှုခဲ့သည်။

စလင်းမြို့ စည်ပင်သာယာစျေး၌ စားသောက်ကုန် ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထိခိုက်နစ်နာမှု မရှိစေရေး စစ်ဆေး

စလင်း  ဇန်နဝါရီ  ၈

 

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ် စားသုံးရေးရာ ဦးစီးဌာနမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန် ဘေးကင်းလုံခြုံ စိတ်ချ စေရေးနှင့် စားသုံးသူ အများပြည်သူများအား ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ စည်ပင်သာယာစျေးအတွင်းရှိ စျေးဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

Subscribe to