ကွမ်းခြံကုန်း စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ချစ်က (၂၉.၉.၂၀၂၅)ရက်မှ (၁၂.၁၀.၂၀၂၅)ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်နိုင်ရေးအတွက် မဲရုံများ စနစ်ကျကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ မဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိုနှိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးချစ်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဆွေနွယ်(ပြန်/ဆက်)