ကောလင်းမြို့၌ (၂၄)ကြိမ်မြောက် အသက်(၆၀)ပြည့်နှင့်အထက် အငြိမ်းစား ဆရာ၊ဆရာမကြီးများအား အာစရိယပူဇော်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ (၂၄)ကြိမ်မြောက် အသက်(၆၀)ပြည့်နှင့်အထက် အငြိမ်းစား ဆရာ၊ဆရာမကြီးများအား အာစရိယပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။