ယခု ဘဏ္ဍာရေးနှစ်အတွင်း ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် တံစုန်းတန်ချိန် (၅၀)ကျော် နှုတ်ပေးခဲ့
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လူစီးအမြန်ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်စေရန် ယခုဘဏ္ဍာရေးနှစ်အတွင်း တစုန်းတန်ချိန် (၅၅)တန်ကို နှုတ်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။