လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတ/ကိုယ့်အားကိုယ်ကိုး မှုကြိုကျောင်းများအား ထောက်ပံ့ကြေးငွေ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်းထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအားထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။