ခရမ်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် သကျမာရဇိန်သွန်းဘုရားကြီး၏ သင်းကျစ်တော် ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ ဘဏ္ဍာတော်ဂေါပကအဖွဲ့နှင့် ပွဲတော်ကျင်းပရေး ကော်မတီမှတာဝန်ရှိသူများက မြို့နယ်ဘဏ်တိုက်မှ သင်းကျစ်တော်အား ထုတ်ယူ၍ မော်တော်ယာဉ်များဖြင့် မြို့နယ်အတွင်း စည်ကားစွာ လှည့်လည်အပူဇော်ခံ၍ သွန်းဘုရားသို့ ပြန်လည်ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)