၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၆)ခု အကောင်အထည်ဖော် ဆောင်ရွက်မည်

မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုအား တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် ကုသိုလ်ဖြစ် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက် သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် အားမာဃဆွမ်းလောင်းဓမ္မာရုံကြီး၌ ယမန်နေ့ ၈ နာရီ ၃၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

လူထုတွေ့ဆုံဆွေးနွေးပွဲ Town Hall Meeting အခမ်းအနား ရှမ်းစုကျေးရွာ၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့မတိုက်နယ်ရှိ ရှမ်းစုကြီး‌ကျေးရွာတွင် လွှတ်‌တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများနှင့်‌ လူထုတွေ့ဆုံပွဲ အစည်းအဝေး (Town Hall Meeting) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ရှမ်းစုကြီးကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။

မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာများဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာနှစ်ပတ်လည် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင် လှူဒါန်းပွဲကျင်းပ

ပြည်တောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးက ဦးဆောင်ကာ ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာနှစ်ပတ်လည် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗုဒ္ဓဘာသာ ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်စိုက်တောင်သူများအရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိ

ပခုက္ကူမြို့နယ်တွင် ဆောင်းသီးနှံများ၊ ဆီထွက်သီးနှံများစိုက်ပျိုးကြရာ ဒေသတွင်း မုံလာထုပ်၊ ပန်းမုံလာဟုခေါ်သည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ စိုက်ပျိုးမှုအောင်မြင်ပြီး စီးပွားဖြစ် အရောင်းအဝယ် ကောင်း လျက် ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ကာကွယ်ဆေးထိုး ဆေးတိုက် လုပ်ငန်း အသိပေးဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်း သို့ရောက်ရှိရေး အသိပေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀နာရီက လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ ဇီဝက ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ပညာရေးမှူးဖလား U-10 အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၃ နာရီက ကံဖြူကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် မြန်မာရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ မိတ္ထီလာမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအား ကစားအသင်းက ကြီးမှူး၍ မြို့နယ်(၁၁)မြို့နယ်မှ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမားများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to