တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့စကားဝိုင်းကျင်းပ

ထန်းတပင်  ဇန်နဝါရီ    ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးကျေးရွာ၊  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို  ယမန်နေ့နံနက် ၉ နာရီခွဲ က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက အဖွင့်အမှာစကားပြောကြားပြီး ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါ်သဇင်က  ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ပညာပေးဟောပြောပွဲ ဟိုပုံးမြို့နယ်၌ ကျင်းပ

ဟိုပုံး   ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ သက်သာကျေးရွာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် (၁၀) နာရီက သက်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

မင်းဘူး     ဇန်နဝါရီ      ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မင်းဘူးမြို့၊ နမ္မဒါရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဦးစိန်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

လပွတ္တာမြို့တွင် ကလေးစာပေပွဲတော် ပိတ်ပွဲ ကျင်းပ

လပွတ္တာ   ဇန်နဝါရီ     ၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော မော်လမြိုင်ကျွန်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မိတ္ထိလာ    ဇန်နဝါရီ    ၉

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းပေါ်ရှိ မြတ်နိုးသူတိုးဂိတ်နီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နတ်တလင်း   ဇန်နဝါရီ     ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ်တွဲလက်များအဖွဲ့ စာပေချစ်မြတ်နိုးသူများ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပ‌​သော နတ်တလင်းမြို့ ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်‌ဈေးရောင်းပွဲတော်ကို ရန်ကုန်-ပြည်လမ်းရှိမြို့နယ် အထက်တန်းကျောင်း တွင် ဇန်နဝါရီ (၁၁) ရက်နေ့  နံနက်(၈) နာရီမှ ညနေ (၅) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

နမ္မတူ  ဇန်နဝါရီ   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့်  သီဆိုဖွင့်လှစ်ခဲ့သည်။

မအူပင်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

မအူပင် ဇန်နဝါရီ ၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ မအူပင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းမှစ၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

စေတုတ္တရာ    ဇန်နဝါရီ     ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများ ပြုလုပ်နိုင်ရန် ဌာနဆိုင်ရာများနှင့် လူငယ်ရေးရာအဖွဲ့များပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင်  လူငယ်ရေးရာကော်မတီဝင် ဆလိုင်းဖြိုးမင်းဟိန်းက  လူငယ်ရေးရာ မိတ်ဆက်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် (၈)မြို့နယ် သုဓမ္မာနိကာယဝိနည်းစာ ပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

ကွမ်းခြံကုန်း  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသော သုဓမ္မာနိကာယ ဝိနည်းစာပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူမှုကို ယမန်နေ့နံနက် ၈နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင်များက လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။

Subscribe to