စိုက်ပျိုဧက(၉၇၉၄)ဧက အကျိုးပြုသည့် တမုတ်စိုက်ပျိုးရေပေးမြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်း အမှိုက်များကောက်

ကျောက်ဆည် ဖေဖော်ဝါရီ ၂

ကျောက်ဆည်မြို့တွင် အနော်ရထာမင်းကြီး လက်ထက်က ဖောက်လုပ်ခဲ့သည့် စိုက်ပျိုးမြေ (၉၇၉၄)ဧက အကျိုးပြုလျက်ရှိသည့် တမုတ်စိုက်ပျိုး ရေပေးမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယမန်နေ့ နံ နက် ၈ နာရီအချိန်က ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော် ဦးဆောင်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့်(Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေး သင်တန်းဖွင့်လှစ်

မုံရွာ ဖေဖော်ဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့် (Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေးသင်တန်းကို ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်(၉) နာရီတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရေဦးမြို့ အ-ထ-က(၁)တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရေဦး ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှု သက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်စေရန်အတွက် အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ သက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန်အတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနိုင်စေမည့် အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့  နံနက် ၁၀ နာရီက  အဆိုပါရုံး   သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်နှင့်မူယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်

စဉ့်ကိုင် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ် တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ကာယဗလမောင်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂

စစ်ကိုင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ(၉)နေ့ည(၆) နာရီတွင် ကျင်းပပြုလုပ်မည့် ကာယဗလမောင်၊ သက်ကြီးမောင်နှင့် သက်ကြီး အလေးမပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို စစ်ကိုင်းမြို့ ရွှေဟင်္သာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ဂန့်ဂေါ ဖေဖော်ဝါရီ ၂

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းကျော်နှင့် အဖွဲ့သည် ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ဖြတ်သန်းမောင်းနှင်ကြသည့် ကားများ၊ ဆိုင်ကယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ ဖြစ်စေရေး စစ်ဆေးကာ ပညာပေးဆွေးနွေးလျက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ကြသည်။

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (Penta-4)ကို ပုံမှန်ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၂

ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (penta-4) ကာကွယ်ဆေးတို့ကို ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မလှိုင်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင် ထည့်သွင်း တိုက်ကျွေး

မလှိုင် ဖေဖေါ်ဝါရီ ၂

ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများကို လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖွင့်ပွဲနှင့် မြို့နယ်အဆင့် အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်ရေယာဉ်စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေး အထူးကြပ်မတ်စစ်ဆေး

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်ရေယာဉ်စီး ခရီးသည်များ အန္တရာယ် ကင်းရှင်းစေရေးအတွက် ရေယာဉ်များအား အထူးကြပ်မတ် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ "ရွှေရန်ကုန်" စက်တပ်ရေယာဉ် ဂိတ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Subscribe to