ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မီးသတ်ဦးစီးဌာနမှ ကျိုက်ဒုံမြို့ မီးသတ်တာဝန်ခံ ဦးဟိန်းထက်​ဇော်နှင့် မီးသတ်တပ်ဖွဲ့များသည် ယမန်နေ့ည ၇ နာရီက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုး​ဆော်မှုများ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ပြည့်နှစ် မတ်လ(၁၁) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ လှိုင်းဘွဲမြို့နယ် အတွင်း စာစစ်ဌာန(၁၁)ခု ၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

ရမည်းသင်းမြို့၌ ပထမအကြိမ် (၄)မြို့နယ်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ရမည်းသင်းမြို့နယ် မြို့မိ မြို့ဖ များနှင့် ရမည်းသင်းမြို့နယ် စက်ဘီးစီးအသင်းတို့ ပူးပေါင်း၍ ပထမအကြိမ် (၄) မြို့နယ် ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ရမည်းသင်းမြို့ ဗိုလ်ချုပ်ကြေးရုပ် အနီးမှ စတင်တာလွှတ်ခဲ့ကြောင်းသိရသည်။

ကျုံပျော်တွင် စွမ်းအားမြှင့်မီးဖို ၁၈၀၀၀လုံး ဖြန့်ဝေပေးသွားမည်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲရေး ဗဟိုဌာနတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေး သည့် ကျေးရွာများသို့ စွမ်းအားမြင့်မီးဖို ၁၈၀၀၀လုံး အား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်ပြီး ကြံခင်းမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယမန်နေ့က ကြံခင်းမြို့ ကြာအင်း ကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သည်။

ဝက်လက်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ ကျေးရွာအရောက် ရွေ့လျား ဝန်ဆောင်မှု ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(oss)မှ ရွေ့လျားဝန်ဆောင်မှု ဆောင်ရွက်ခြင်းကို ပေါက်တောကျေးရွာအုပ်စု ပေါက်တောကျေးရွာ အရှေ့ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီကဆောင်ရွက်ခဲ့သည်။

မဘိမ်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်တိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါ ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

မင်းတုန်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မင်္ဂလာဦးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့တွင် ကျောင်းသား/ကျောင်းသူ (၈၂၅)ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂ဝ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများအတွက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) တွင် စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Subscribe to