ခါမ်းပါတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်များကို ခါမ်းပါတ်မြို့မစျေး၊ ဘုတ်ကန် ကျေးလက်စျေးနှင့် ကနန်ကျေးလက်စျေးတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးအောင်ဝင်းထံမှ သိရှိရသည်။