တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်အသုံးပြုရန် သံခွံစက်လှေ (နှစ်) စီးလွှဲပြောင်းပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ‌ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အလွယ်တကူ ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပေါ်အသုံးပြုရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထူးထက်ရှိန် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ပြီးခဲ့သော သံခွံစက်လှေ(၂)စီး အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းကျင်းပရာ အခမ်းအနားသို့ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ကော်မတီဝင်မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်မိရပ်ဖများနှင့် မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် ထူးထက်ရှိန်ကုမ္ပဏီပိုင်ရှင် ဦးတင်ရှိန်စသဖြင့် (၂၅) ဦး တက်ရောက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် ပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ထီးလင်းမြို့နယ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

သာယာဝတီမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကိုရိုနာ ဗိုင်းရပ်(စ်) COVID-19 ကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာ‌ပေး ရှင်းလင်းပွဲပြုလုပ်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာ‌ပေး ရှင်းလင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အောင်မြေသာစံ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှမ်းရွာသစ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်‌ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဈေးဆိုင်များ၊ လူစည်ကားရာနေရာများနှင့် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့နံနက်(၇)နာရီ အချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့ဝင်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် MRCCI နှင့် ညီနောင်အသင်းများက အခြေခံစားသုံးကုန်များ မူလတန်ဖိုးထက် လျှော့ချပြီးရောင်း

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား၊ ပြည်သူများအား ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံ စားသုံးကုန်များ ရောင်းချခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်၌ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အလုပ်အကိုင်ပြပွဲ ရွှေ့ဆိုင်း

တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အလုပ်အကိုင်ပြပွဲကို COVID-19 ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်တမ်းလွန် ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာဆွေးနွေးပွဲ သထုံတွင် ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to