ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာ၌ မြေသားလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကျေးသီး မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာ ရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး မှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်၊ စီမံကိန်းတာဝန်ခံ ဦးမောင်ခိုင်နှင့် အင်ဂျင်နီယာ ဝန်ထမ်းများက ပန်နောင်ကျေးရွာ၊  ဝမ်တာကျေးရွာနှင့် ပါခိုင်းလုံကျေးရွာတို့တွင် အရှည် ၂၂၀၀ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်း မြေသားလမ်းသဲဗြုန်းခင်းခြင်းလုပ်ငန်း(၃)ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ နှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိမ်းသိမ်းကြရန် မှာကြားခဲ့သည်။

ပန်နောင်ကျေးရွာ၊ ဝမ်တာကျေးရွာနှင့် ပါခိုင်းလုံကျေးရွာတို့တွင် အဆိုပါလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၃၀၀)၊ ကျေးရွာပြည်သူလူထုလုပ်အားများ၊ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၉၇)အိမ်၊ လူဦးရေ(၁၀၅၇)ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူချောမွေ့ကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)