မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(စတုတ္ထအကြိမ်) အာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ KG ကျောင်းသား‌၊‌ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ (စတုတ္ထအကြိမ်)အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့တွင် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနား ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်သံလွင်အား ဒေသခံပြည်သူများနှင့်တာဝန်ရှိသူများ ကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့အတွင်းရှိကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှပါရဂူများဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငပုတောမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းနှင့်အခြားပေါ်ဆန်းအမျိုးအစားဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော  ဆန်အရောင်းဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ယမန်နေ့ နေ့လယ်ကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ရတနာဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ‌အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း စားသုံးမှုဖူလုံစေရေးနှင့် ထုတ်လုပ်မှုပိုမိုတိုးတက်လာစေရေး ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးခြံများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေပြီဖြစ်သော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း ကြက်ဥစားသုံးမှုဖူလုံစေရုံသာမက ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာလ(၂၆) ရက်နေ့နေ့လယ်(၁)နာရီအချိန်က ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရပ်၊ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to