ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက် ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ကိုယ်ပိုင်ကျောင်းနှင့် သတ်မှတ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန် ထပ်ဆောင်းကာကွယ်ဆေး Booster dose မထိုးနှံရ သေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။