တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၈)နာရီက သူငယ်တော်ကျေးရွာ ကွင်းအမှတ် ၁၃၃၆ ဦးပိုင်အမှတ် ၆၃က/ခ တောင်သူ ဦးကျော်လွင်၏ လယ်မြေ(၃)ဧကတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ပခုက္ကူမြို့၌ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက်တွင် ဈေးလာရောက်ဝယ်ယူသူ ပြည်သူများဖြင့် စည်ကား

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက် ယမန်နေ့က လာရောက်ဆင်နွှဲကြသော ရန်ကုန်မြို့နေအများ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် လူနေအိမ် (၂) လုံး မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာတွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေ (၆)နာရီက လူနေအိမ်လူနေအိမ်(၂) လုံး မီးလောင်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

ပေါင်းတည်၌ ဌာနဆိုင်ရာများနှင့် ဘုံကထိန်သင်္ကန်းများ စုပေါင်းဆက်ကပ်လှူဒါန်းမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မိုးနဲမြို့နယ်၌ မိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ် သိမ်းတော့မည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် မှုကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဒေသခံတောင်သူများက  ဆီထွက်သီးနှံမိုးနေကြာသီးနှံများကိုစိုက်ပျိုး ခဲ့ရာ ယခုအခါ မိုးနေကြာသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာကာအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည် ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၅) ရပ်ကွက်၊ ကျန်စစ်သားကျောကပ်လမ်းတွင် ယမန်နေ့ည ၇:၁၅ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ သံဃာတော်အား ဆွမ်း/ဆန်စိမ်း လောင်းလှူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊  မိုင်းယုမြို့အတွင် သီတင်းကျွတ်လဆုတ်(၂)ရက်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဝပ်လုံကြွမ်တောင်းကျောင်းတိုက်အတွင်း၌ မြို့လုံးကျွတ် ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ ကျီးအိပ်ကျေးရွာမှ တောင်သူဦးဆန်းဝင်းစိုက်ပျိုးထားသော ငရုတ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to