ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံမှု အခြေအနေများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် အဖွဲ့ ကြည့်ရှုအားပေး

ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ သတ်မှတ် ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံ နေမှုအခြေအနေများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဝင် ဗိုလ်မှူးကြီး နိုင်လင်း၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၁) နာရီခွဲအချိန်တွင် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

နတ်မောက်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ပညာပေးလုပ်ငန်းများ ပြသဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ပညာပေးလုပ်ငန်းများ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ (၉)နာရီက အထက(၁)လွိုင်လင်၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့ သာယာလှပစေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့၌ မြေယာရှုခင်းနှင့် We Love Natmauk စာလုံး တပ်ဆင်မည်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့သာယာလှပစေရေးအတွက် နတ်မောက်-တောင်တွင်းကားလမ်းဘေး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ မြေကွက်လပ်၌ မြေယာရှုခင်းနှင့် We Love Natmauk စာလုံး တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သော မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကမာဘီကျေးရွာနှင့် ပန်းကုန်းကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ ၂‌၀၂‌၃-၂၀‌‌၂‌၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သီရိမြန်မာခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများသန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်အမီ သန့်ရှင်းသာယာလှပရေးနှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်ရေး၊ လေကောင်းလေသန့်ရရှိရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက  အမှတ်(၂၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စည်ပင်သာယာမှ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ သီးနှံစုံမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ စက်မူလယ်ယာဦးစီးဌာနကပြုလုပ်သော သီးနှံမျိုးစုံမျိုး​စေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ မနက် ၁၀ နာရီအချိန်က ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာ၊ တောင်သူဦးအောင်ဝင်းသိန်း၏ လယ်မြေ ၁၄ ဧကကွင်းအမှတ်(၃၃၅ /က)၌ စိုက်ပျိုးပေးခဲ့ကြသည်။

ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အ.မ.က(၂၂)ကျောင်း၊ အ.လ.က(၃)ကျောင်းနှင့် အ.ထ.က(၁)ကျောင်းတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to