ရွှေပြည်သာမြို့နယ်၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး (Mask Campaign) ပြုလုပ်ဆောင်ရွက်

ရွှေပြည်သာ   အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေးအသိပညာပေး( Mask Camapaign)ကိုယနေ့နံနက် (၈)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များ နှင့်အိမ်မဲကြီး‌ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

  အသိပညာ‌ပေးဆောင်ရွက်ရာတွင် ပြည်သူများအပြင်သွားလာ တိုင်းမဖြစ်(Mask)တပ်ဆင်ပြီးမှ သာသွားလာရေးအသိပညာပေးဆောင်ရွက်ခဲ့ပြီး(Mask)မပါရှိသူများအား(Mask)အခု ရေ(၁၂၀၀) အားပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်းသိရသည်။

 (Mask Canpaign) ပြုလုပ်ဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)