ရန်ကင်း အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်အတူ ယမန်နေ့ နံနက် (၇)နာရီအချိန်တွင် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ် ဟောပြောဆွေးနွေးခြင်း၊ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးကိုယ်တိုင်သိရှိနားလည်ရေး ဟောပြောဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
သို့ဖြစ်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသား/သူ (၁၈၀)ဦး၊ ဆရာ/မ(၁၅)ဦး တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိသည်။
အိရွှေစင်(ပြန်/ဆက်)