မိုးနဲ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာ၌ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက ဆောင်းနေကြာ ရေဆင်း-၁ စပ်မျိုးရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ စိုက်ကွင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအထွက်နှုန်းတိုးတက်စေရေးအတွက် ရေဆင်း-၁ စပ်မျိုး(နေကြာ)၊ ဆင်းရွှေကြာ-၂ နေကြာမျိုးများကို စိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန်လိုက်နာစေရေးဆောင်ရွက်ပေးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာများကို မျိုးစေ့ထုတ်ယူရန်အတွက် ဆောင်းနေကြာ ရေဆင်း-၁ နှင့်ဆင်းရွှေကြာ-၂ စုစုပေါင်း ၁၅ ဧကစိုက်ပျိုးထားရှိပြီး ထွက်နှုန်းမှာ ၂၄ ဒသမ ၈၈တင်း ထွက်ရှိပြီး ရရှိလာသည့် နေကြာမျိုးများကို မိုးဦး၊ မိုးလယ်၊ မိုးနှောင်းသီးနှံအဖြစ် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦး၏ ပြောကြားမှုအရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)