ပိုင်ကျုံ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ်အတွက်ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေး ငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးငယ်များအတွက်(MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့်ကလေးဘဝအစရက်ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့်မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထန်းတပင်ကျေးရွာ အုပ်စုအတွင်းရှိ (Maternal and Child Cash Transfer-MCCT) အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင် မိခင် ၇ ဦးနှင့် အသက်နှစ်နှစ်အောက်ကလေးငယ် ၂၉ ဦး စုစုပေါင်း ၃၆ ဦးတို့အတွက် ထောက်ပံ့ငွေ (၁၅၉၀၀၀၀) ကျပ်ကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)