သတင်းများ

ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေး
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူကလေးများပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား သိရှိပြီး သတိပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကလေးငယ်များအား သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေးအစီအစဉ်(Kaeru Caravan)ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး (၃/၂၀၂၃) သို့ တက်ရောက်
Dec 29,2023
ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး (၃/၂၀၂၃) ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ကဝမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)လုပ်ငန်းများ ဆောင်ရွက်
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၁၀) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က  အ.ထ.က (ကဝ)ကျောင်း၊ ဆရာကျော့ခန်းမတွင် ပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်တွင် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 29,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရွန်နစ် မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်တို့၌ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရွန်နစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဥ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား နေ့စဥ်စားသောက်နေထိုင်ရေးတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဆန်၊ ဆီ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သံဃမဟာနာယအဖွဲ့ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ
Dec 29,2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဗိုလ်တထောင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 29,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီက ဗိုလ်တထောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့၌ အငြိမ်းစား ဝန်ထမ်းပင်စင်စားများအား ဆန်နှင့်ဆီများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေး
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း‌ခရိုင်၊‌ ကော့သောင်းမြိုနယ်  မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအားစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆန်နှင့်ဆီများရောင်းချပေးလျက်ရှိ ပြီးဘဏ်အတွင်းတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။