သတင်းများ

မုဒုံမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း အသိပညာပေးဆောင်ရွက်
Mar 01,2024
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် အသိပညာပေးဟောပြောခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်သည်။
ကန့်ဘလူမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေး
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မြို့ပေါ်ရပ်ကွက်များမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မတ်  ၁ ရက်နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယတွင် ဇော်ဂျီရေထွက်ချောင်းအနီးရှိ လယ်ယာမြေများ၌ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူအများစုတို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြရာ ရာသီအလိုက်သီးနှံများကို မိသားစုစားဝတ်နေရေးဖူလုံစေရေးနှင့် လူမှုစီးပွားရေးအဆင်ပြေစေရေးအတွက် တောင်ယာ၊ လယ်ယာခြံများနှင့် နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုး၍ ရောင်းချကြသည်။
အောင်လံမြို့နယ် စက်ရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို စက်ရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ မြို့မရဲစခန်းမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ကမာရွတ်မြို့နယ်တွင်းရှိ စျေးများတွင်မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်​တွင်းရှိ လှည်းတန်း​စျေး၊ ဆင်မလိုက်စျေးနှင့် သံလွင်စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဈေးများရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ တောင်သူနည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချ
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါးတင်း(၁၂၀)ထွက်ရှိရေး တောင်သူနည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက်ကြောင်းသိရသည်။
သထုံမြို့၌ (၈၈)ကြိမ်မြောက် အာစိဏ္ဏာရာမပရိယတ္တိ စာမေးပွဲ (၆)ရက်တိုင်တိုင် ကျင်းပ
Mar 01,2024
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတွင် ပရိယတ္တိ သာသနာ့၀န်ဆောင် ဆရာတော်များ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာစိဏ္ဏာရာမ ပရိယတ္တိစာမေးပွဲအား ယခုနှစ်၌ (၈၈) ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိရာ ယနေ့ တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အမှတ် (၁) သံမဏိစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း၊ စက်ရုံဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်
Mar 01,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁) သံမဏိစက်ရုံ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း၊ စက်ရုံဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။