သာစည်မြို့နယ် အခြေခံသမဝါယမအသင်းသားတောင်သူများ မိုးကြိုဝါ ၁၃၇ ဧက စိုက်ပျိုးထား
Aug 13,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသား တောင်သူ ၄၃ ဦးကမိုးကြိုဝါမျိုး RAKA-666 နှင့် TBL-195 တို့ကို ၁၃၇ ဧကစိုက်ပျိုးထားရာ မိုးကြိုဝါစိုက်ခင်းအခြေအနေများနှင့်ဝါဆွတ်ခူးနေမှုအခြေအနေများအား ဩဂုတ် ၁၃ ရက်နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးကာ ဈေးကွက်ချိတ်ဆက်မှုများ ဆောင်ရွက်ပေးသည်။